အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်းဖွင့်လှစ်

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)တောင်သူသင်တန်းဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ အမှတ်(၂၇)စက်မှုလယ်ယာစခန်း၊ မင်းလှမြို့တွင် ယနေ့ နံနက်က ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားတွင် သာယာဝတီခရိုင် စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးဝင်းသန့်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးဌာနမှူး ဦးအောင်အောင်ခန့် က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်မှ သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ စက်မှုလယ်ယာဦးစီးဌာန၊ သာယာဝတီခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်ဦးစီးဌာနမှူးများ၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေး ဦးစီးဌာနမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား(၃၀)ဦး အပါအဝင် စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းအား (၇.၂.၂၀၂၂)ရက်နေ့မှ (၁၈.၂.၂၀၂၂)ရက်နေ့ထိ (၁၂)ရက်ကြာ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။