အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာသုံးစက်ကိရိယာ အပိုပစ္စည်းပြခန်းနှင့် တောင်သူပညာပေးသရုပ်ပြပွဲ သို့ ပြည်ထောင်စုဝန်ကြီးမှ လာရောက်စစ်ဆေးကြည့်ရှု

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး  သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တို့နှင့်အတူ  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ်၊ ကံမလေးကျေးရွာအနီးတွင် တည်ဆောက်ပြီးစီးသည့် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ် ကံမလေး လျှပ်စစ်မြစ်ရေတင် ဖွင့်ပွဲအခမ်းအနားတွင် စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၁၀)စက်မှုလယ်ယာစခန်း၊ အောင်လံမြို့မှ ဆောင်ရွက်ထားရှိသော လယ်ယာသုံး စက်ကိရိယာ အပိုပစ္စည်းပြခန်း၊ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းလုပ်ငန်း၊ Sub Soiler (မြေခွဲကိရိယာ)ဖြင့် တောင်သူပညာပေး သရုပ်ပြပွဲ ဆောင်ရွက်နေခြင်းတို့အား လာရောက်စစ်ဆေး ကြည့်ရှုကြောင်း သတင်းရရှိပါသည်။