အဓိကအကြောင်းအရာသို့ သွားမည်
x

(၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ရှမ်းပြည်နယ် ဟင်းသီးဟင်းရွက်ပွဲတော်တွင် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာသုံးစက်ကိရိယာများပြသ

(၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ရှမ်းပြည်နယ်တွင် စီးပွားဖြစ်စိုက်ပျိုးသော ဟင်းသီးဟင်းရွက်နှင့် အာလူးစိုက်တောင်သူများ နည်းပညာဖွံ့ဖြိုးစေရန်၊ စိုက်ပျိုးရေးသုံး စက်ကိရိယာများအကြောင်း ပိုမိုသိရှိနားလည် အသုံးပြုလာနိုင်စေရန်၊ စိုက်ပျိုးရေး အသုံးချမှု နည်းပညာများအား ပိုမိုသိရှိ လိုက်နာလာစေရန်အတွက် ရှမ်းပြည်နယ် ဟင်းသီး ဟင်းရွက်ပွဲတော် (Shan State Vegetable Fair 2022) အား ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၇၊၈၊၉) ရက်နေ့များတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ဟဲဟိုးဥယျာဉ်ခြံ (အင်းခေါင်း)တွင် ကျင်းပခဲ့ပါသည်။

(၇.၂.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်ရှိ ဟင်းသီး ဟင်းရွက် စိုက်ပျိုးသော တောင်သူအစုအဖွဲ့များ တက်ရောက်ကြပါသည်။

ယင်းပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာနမှ အာလူးစိုက်ပျိုးရေးနှင့် မြေပြုပြင်သည့် လုပ်ငန်းများဖြစ်သည့် Sub Soiler စက်ကိရိယာ၊ Power Harrow စက်ကိရိယာများဖြင့် ထွန်စက်ကြီးများ မောင်းနှင်ပြသည့်ပြကွက်၊ Fully Mechanized စနစ်ဖြင့် သုတေသနပြု စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းနေသော အာလူးသီးနှံစိုက်ခင်းတွင် ထွန်စက်ကြီးဖြင့် မောင်းနှင်သော BoomSprayer ဖြင့် သီးနှံအားဆေးများ ဖျန်းပက်နေသောပြကွက်များ ပြသခဲ့ပါသည်။ ရှမ်းပြည်နယ် တွင် ရေမြေနှင့် ကိုက်ညီပြီး တောင်သူများ ကြိုက်နှစ်သက်သည့် ထွန်စက်ကြီးများနှင့် တွဲဖက်သုံး စက်ကိရိယာ(၁၀)မျိုးကိုလည်း ပြသခဲ့ပါသည်။

ထို့အပြင် လယ်ယာသုံးစက်ကိရိယာ ကုမ္ပဏီများဖြစ်သော Kyaw Family, GBS, New Holland, UMG နှင့် သရဖူစိုးမြင့် ကုမ္ပဏီများမှလည်း ထွန်စက်ကြီး၊ လက်တွန်းထွန်စက်များ အပါအဝင် လယ်ယာသုံးစက်ကိရိယာမျိုးစုံအား ပါဝင်ပြသခဲ့ကြပါသည်။