အဓိကအကြောင်းအရာသို့ သွားမည်
x

စီးပွားရေးစာချုပ်စာတမ်းများချုပ်ဆိုခြင်းဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) (ဆင့်ပွားသင်တန်း)ဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ စီးပွားရေး စာချုပ်စာတမ်းများချုပ်ဆိုခြင်းဆိုင်ရာအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင့်ပွားသင်တန်းကို ၁၄-၃-၂၀၂၂ ရက်နေ့မှ ၁၇-၃-၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းမှ တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသို့ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့်တက္ကသိုလ်များမှ သင်တန်းသား(၂၀)ဦး၊ ပြည်ထောင်စု ဝန်ကြီးရုံးမှ သင်တန်းသား (၃)ဦး၊ စုစုပေါင်း သင်တန်းသား (၂၃)ဦး တက်ရောက်ခဲ့ပါသည်။

သင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ပြည်ထောင်စုဝန်ကြီးရုံး၊ စီမံကိန်းနှင့်စာရင်း အင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်မိုးလှိုင် ဦးဆောင်၍ အရာထမ်း(၅)ဦးမှ စီးပွားရေးမူဘောင်၊ စာချုပ်စာတမ်းအမျိုးအစားများ၊ စာချုပ်စာတမ်းတစ်ရပ်တွင်ပါရှိရမည့် စည်းကမ်းချက်များနှင့် သဘောသဘာဝများ၊ လုပ်ငန်းအပ်နှံခြင်းသဘောတူစာချုပ်နှင့်စပ်လျဉ်း၍ လုပ်ငန်း အပ်နှံခြင်း သဘောသဘာဝများ၊ လက်ရှိကျင့်သုံးနေသည့် မူဝါဒများနှင့် ဥပဒေရေးရာ စာပိုဒ်များ၊ ပစ္စည်း ဝယ်ယူရေးသဘောတူစာချုပ်နှင့်စပ်လျဉ်း၍ စာချုပ်ချုပ်ဆိုရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ၊ လိုက်နာရမည့်ဥပဒေ၊ ညွှန်ကြားချက်များ၊ စာချုပ်များအား စိစစ်ခြင်းနှင့် စာချုပ် အကောင် အထည်ဖော်ရာတွင် ကြုံတွေ့ရသော အခြေအနေများအပြင် ပဋိညာဉ်အက်ဥပဒေနှင့်အညီ သဘောတူညီချက်များ ပြုလုပ်အကောင်အထည်ဖော်ခြင်းဆိုင်ရာ အကြောင်းအရာများ၊ ပြင်ဆင် ချက်သဘောတူစာချုပ်အကြောင်း သိကောင်းစရာများနှင့် ရပ်စဲခြင်း သဘောတူ စာချုပ်အကြောင်း သိကောင်းစရာများကို ပို့ချပေးခဲ့ပါသည်။ ထို့အပြင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူး၊ ဦးမြင့်သိန်းမှ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် လယ်ယာမြေဥပဒေအရ လယ်ယာမြေ နှင့်သက်ဆိုင်သည့် စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးခြင်း ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေး ပို့ချခဲ့ကြောင်း သိရှိရသည်။