အဓိကအကြောင်းအရာသို့ သွားမည်
x

“ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး”စကားဝိုင်းကျင်းပ

လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ အချင်းချင်းအကြား လေ့လာ မှတ်သားထားရှိချက်များအား မျှဝေဖလှယ်နိုင်ရန်၊ နည်းပညာ နှင့် အတွေးအခေါ် အသစ်အဆန်းများဖော်ထုတ်နိုင်ကြစေရန်၊ ကဏ္ဍအလိုက် ခေါင်းစဉ်များ သတ်မှတ်၍ လစဉ် ပထမပတ်၏ ဗုဒ္ဓဟူးနေ့တိုင်း နေပြည်တော် ရုံးအမှတ်(၁၅)အစည်းအဝေးခန်းမ၌   စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပခဲ့ရာ ယနေ့ကျင်းပသည့် နဝမအကြိမ် စကားဝိုင်းဆွေးနွေးပွဲ တွင် “ကော်ဖီ စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာပညာရှင်ဝန်ထမ်းများက ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

     အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ၊ ဌာနဆိုင်ရာများ တက်ရောက် ကြပြီး၊ တိုင်းဒေသကြီး ပြည်နယ်များရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်သူပညာရှင်များ က အွန်လိုင်းစနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့ကြကာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က အဖွင့်အမှာစကားပြောကြားသည်။

     သို့ဖြစ်ရာ ယနေ့ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲတွင် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်း စဉ်များတွင် ကြုံတွေ့ကြရသည့် အခက် အခဲများ၊ နည်းပညာများနှင့် ရလဒ် ကောင်းများ၊ အတွေ့အကြုံများ နှင့် အကြံ ဉာဏ်များကို အပြန်အလှန်ဖလှယ်ပြီး ကော်ဖီကဏ္ဍ တိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာနိုင်ငံ၌ ကုန်းမြင့်ကော်ဖီမျိုးများစိုက်ပျိုးရန် ရေမြေရာသီဥတု သင့်တော်သည့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ဒေသများရှိသကဲ့သို့ မြေပြန့်ကော်ဖီ နှင့် သင့်တော်သည့် ဒေသများ လည်းရှိနေပြီး ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်၊ ရွာငံဒေသ မှ အထူး တန်းဝင်ကော်ဖီ (Specialty Coffee)ကို ထုတ်လုပ်ပြီး ဈေးကောင်းရရှိသဖြင့် ကော်ဖီစိုက် တောင်သူ များ၊ လုပ်ငန်းရှင်များ အကျိုး ဖြစ်ထွန်းလျက်ရှိနေသော်လည်း မြန်မာ့ကော်ဖီ ၏ လက်ရှိ စိုက်ပျိုး ထုတ်လုပ်မှု ဧက(၅)သောင်းကျော် မှ နှစ်စဉ် ကော်ဖီစေ့တန်ချိန် (၁၀၀၀၀) ခန့်သာ  ထုတ်လုပ်နိုင်သဖြင့် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးကို နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်  လျက်ရှိသည်။

     သို့ဖြစ်ရာ ယနေ့ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲတွင် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်း စဉ်များတွင် ကြုံတွေ့ကြရသည့် အခက် အခဲများ၊ နည်းပညာများနှင့် ရလဒ် ကောင်းများ၊ အတွေ့အကြုံများ နှင့် အကြံ ဉာဏ်များကို အပြန်အလှန်ဖလှယ်ပြီး ကော်ဖီကဏ္ဍ တိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

crd www.agri.com.mm