အဓိကအကြောင်းအရာသို့ သွားမည်
x

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ၏ ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

ဒေသအလိုက်ဖွံ့ဖြိုး တိုးတက်ရေး၊ မြေယာ အသုံးချမှု နှင့် ကုန်ထုတ် စွမ်းအား တိုးတက်ရေး  အတွက် မိမိတို့၏ ရေမြေသဘာဝကို အကျိုးရှိစွာ အသုံးချပြီး စိုက်ပျိုးရေး ထုတ်ကုန်များ၊ တိရစ္ဆာန် မွေးမြူ‌ ရေး လုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင်ရွက် နိုင်ပါက ၎င်းထွက်ကုန် များကို အခြေခံ သည့် စက်မှု လုပ်ငန်းများ၊  စက်မှုဇုန်များ လည်း တိုင်းဒေသကြီး ပြည်နယ် အသီးသီး၌ ပေါ်ထွန်း လာမည်ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကို များစွာ အထောက်အကူ ပြုနိုင်မည် ဖြစ် ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတစ်ဝှန်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကို စနစ်တကျ စီမံခန့်ခွဲပြီး အမှန်တကယ် စိုက်ပျိုး မွေးမြူ လုပ်ကိုင် လိုသူများ အသုံးချနိုင်ရေး နှင့် အကောင် အထည်ဖော် ဆောင်ရွက် နိုင်ခြင်း မရှိသည့် မြေများအား ပြန်လည် သိမ်းဆည်း နိုင်ရေးကို မိမိတို့ ဗဟိုကော်မတီ နှင့် တိုင်းဒေသကြီး ပြည်နယ် ကော်မတီ အဆင့်ဆင့် တို့က စိစစ်ဆောင်ရွက်လျက် ရှိကြောင်း ဇွန်လ(၂၇)ရက် နံနက်ပိုင်းက နေပြည်တော် ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေး ဗဟိုကော်မတီ၏ ဆဋ္ဌမ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

     အစည်းအဝေး သို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ဒုတိယ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ကော်မတီ ဝင် များ စုံညီစွာ တက်ရောက်ကြပြီး အတွင်းရေးမှူး ဦးသက်နိုင်ဦး က အစည်းအဝေး တွင် ဆွေးနွေး ဆောင်ရွက်ရမည့် လုပ်ငန်း ဆိုင်ရာများအား ဖတ်ကြား တင်ပြရာ အစည်းအဝေးတက်ရောက် လာကြ သူများ က အကြောင်းအရာ တစ်ခုချင်း အလိုက် ဆွေးနွေးဆောင်ရွက်ကြသည်။

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးများမှ မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် ပုဂ္ဂိုလ် ၊ အဖွဲ့ အစည်း ၊  ကုမ္ပဏီ ၊ ဌာနဆိုင်ရာများသို့ မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများစီမံခန့်ခွဲ‌ရေး ဥပဒေ၊ နည်းဥပဒေ များ အရ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူ ရေး လုပ်ငန်း၊ ဓာတ်သတ္တုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် မြေအသုံးချပိုင်ခွင့်နှင့် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ် သည့် အခြားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဗဟိုကော်မတီ က သက်ဆိုင်ရာ နေပြည်တော် ကောင်စီ တိုင်းဒေသကြီး ၊ ပြည်နယ် အစိုးရ အဖွဲ့များ ၏ ထောက်ခံ တင်ပြ မှုများအပေါ် လုပ်ငန်းနှင့် သက်ဆိုင် သည့် ပြည်ထောင်စုအဆင့် ဝန်ကြီး ဌာနများ ၏ ထောက်ခံချက် များ နှင့်အညီ ခွင့်ပြု ချထား ပေးလျက်ရှိရာ မြေလွတ်၊မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ၏ ပဉ္စမအကြိမ်အ စည်းအဝေး ပြီးဆုံးချိန်အထိ စိုက်ပျိုးရေး လုပ်ငန်း အတွက် မြေ ဧက(၆၀၀၀)ကျော်၊ မွေးမြူရေး လုပ်ငန်း အတွက် မြေဧက(၈၀၀)ကျော်၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်း လုပ်ငန်း အတွက် မြေဧက(၄၀၀)ခန့် နှင့် အစိုးရက ခွင့်ပြုထား သော ဥပဒေနှင့် ညီညွတ် သည့် အခြား လုပ်ငန်းအတွက် မြေဧက (၃၀၀၀)ကျော် ၊ စုစု ပေါင်း မြေဧရိယာ ဧက(၁၁၀၀၀)ကျော် တို့ကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်များ ထုတ်ပေး ခဲ့ပြီး ဖြစ် ကြောင်း၊ ၁၉၉၁ ခုနှစ်မှ ယနေ့အထိ မြေလွတ်၊မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့်၊အသုံးပြုခွင့် ဧက (၂၂)သိန်း ကျော်ကို ခွင့်ပြု ပေးခဲ့သည့် အနက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရယူထားသော်လည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းအကောင် အထည် ဖော် ဆောင်ရွက်ခြင်းမရှိသည့် အတွက် လက်ရှိ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဗဟို ကော်မတီ လက်ထက်တွင် ပြန်လည် သိမ်းဆည်း ခဲ့ရသည့် ဧက (၂၄၀၀၀) ကျော် ကို အပါအဝင် လုပ်ပိုင် ခွင့်၊ အသုံးပြုခွင့် ပြန်လည် သိမ်းဆည်းခဲ့သည့်  ဧရိယာ စုစုပေါင်းမှာ ဧက(၁၅)သိန်းကျော် ရှိပြီ ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၁၇-၂၀၁၈ ခုနှစ် မြေခွန် စတင်ကောက်ခံချိန်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ တစ်ဆက်တည်း မြေခွန်စည်းကြပ် ကောက်ခံမှုအပေါ် မြေခွန် ပေးသွင်းခြင်း မပြုဘဲ ပျက်ကွက် နေမှုများ ကို စိစစ်ပြီး မြေခွန်များအပြည့်အဝကောက်ခံရရှိရေး ဆောင်ရွက် လျက် ရှိကြောင်း သတင်း ရရှိသည်။