အဓိကအကြောင်းအရာသို့ သွားမည်
x

နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်မှု ကြီးကြပ်ရေး ကော်မတီ ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၃/၂၀၂၂)ကျင်းပ

နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ  အကောင်အထည် ဖော်မှု ကြီးကြပ်ရေး ကော်မတီ ၏ လုပ်ငန်း ညှိနှိုင်း အစည်း အဝေး (၃/၂၀၂၂) ကို   ဩဂုတ်လ (၃)ရက်နေ့ ညနေပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် များ၊ ပါမောက္ခချုပ်များ ၊ နေပြည်တော် ကောင်စီနယ်မြေ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော် ဖြစ်သည့်  နေပြည်တော် ကောင်စီနယ်မြေ ကို စိမ်းလန်း သန့်ရှင်း သာယာ သော ဒေသတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသနေ ပြည်သူများ ၏ လူမှု စီးပွား ဘဝများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လယ်ယာ ကဏ္ဍ တစ်ခုလုံး တိုးတက်ဖွံ့ဖြိုးရန် လိုအပ်သည့် အပြင် စိုက်ပျိုး မွေးမြူရေး ထွက်ကုန် အခြေခံသည့် စက်မှုလုပ်ငန်းများ ထွန်းကား လာရေး အတွက် ဘက်စုံထောင့်စုံမှ ကြိုးပမ်းလျက် ရှိကြောင်း၊ မိမိတို့ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ  အကောင်အထည် ဖော်မှုကြီးကြပ်ရေး ကော်မတီ အနေဖြင့် ကဏ္ဍ တစ်ခုနှင့်တစ်ခု အချိတ် အဆက်မိမိ ပူးပေါင်း ဆောင်ရွက်ရေးနှင့် လုပ်ငန်း တစ်ခုချင်း၏ ထိရောက် အောင်မြင်စွာ အကောင် အထည်ဖော် နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ

အစည်းအဝေးတွင် နေပြည်တော် ကောင်စီ နယ်မြေ အား လယ်ယာကဏ္ဍအခြေခံ ဖွံ့ဖြိုး တိုးတက်မှု အားကောင်း သော စီးပွားရေး နယ်မြေ အဖြစ် အကောင်အထည် ဖော်နိုင်ရေး၊ စိုက်ပျိုး မွေးမြူရေး ဆိုင်ရာ ထုတ်လုပ်နိုင် စွမ်းအား တိုးတက် ရေး၊  ခေတ်မီ ဖွံ့ဖြိုး တိုးတက် သော စံပြ ကျေးရွာ များ ထူထောင်ရေး၊ စနစ်ကျ ထိရောက်သော စီမံ ခန့်ခွဲမှု ဖြစ်စေရေး အတွက် ကဏ္ဍ အလိုက် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် ရေး၊ ရင်းနှီးမြုပ်နှံမှု အားကောင်း လာစေရေး နှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိသော ရင်းနှီးမြုပ်နှံမှုများ ဖြစ်ပေါ် လာစေရေး၊ သုတေသန နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ပြည်ပ ဈေးကွက်နှင့် ချိတ်ဆက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြ ကြောင်း သတင်း ရရှိသည်။