အဓိကအကြောင်းအရာသို့ သွားမည်
x

ရွှေဘိုမြို့၌ သဘာဝရေပြင်(ရန်ကြီးအောင်ပန်းခြံကျုံး)အတွင်း ငါးမျိုးစိုက်ထည့်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်များအတွင်း ငါးသယံ ဇာတများ ရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများ ပေါများစွာ စားသုံးနိုင်ရေး အတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ရွှေဘိုမြို့၊ ရန်ကြီးအောင် ပန်းခြံ ကျုံး၌ ဩဂုတ်လ ၃၁ ရက် နံနက် ၉ နာရီက ကျင်းပသည်။

          အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်သင်းသင်းဦးနှင့်ဝန်ထမ်းများ၊ ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ကြပြီး နှစ်လက်မအရွယ်ငါးမျိုးများဖြစ် သည့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၅၀၀၀၀ အား ကျုံးနှင့်ဆက်စပ်လျက်ရှိသော သဘာဝရေပြင် အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ ကြောင်း သိရသည်။