အဓိကအကြောင်းအရာသို့ သွားမည်
x

အမာမြို့၌ ကြေးတိုင်အင်းများအတွင်း ငါးမျိုးများစိုက်ထည့်ပေး

ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကြေးတိုင်အင်းများအတွင်း ငါးသယံဇာတများ ပေါများစေရေးနှင့် ဒေသတွင်းပြည်သူများ ငါးရိက္ခာများ ပိုမိုရရှိစားသုံးနိုင်ရေးအတွက် ဖျာပုံမြို့နယ်၊ အမာမြို့ရှိ ကြေးတိုင်အင်း (၂)အင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၈ နာရီက ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး မြစ်ဆိပ်ကမ်း၌ ကျင်းပသည်။

အဆိုပါငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးတင်လင်း နှင့်အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသက်ထားမောင်နှင့်အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကိုကိုလွင်၊ မြို့နယ်ဦးစီးဌာနမှူးများ၊ ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများ နှင့် အင်းသားကြီးများ တက်ရောက်ကြပါသည်။ တလုပ်လှငါးလုပ်ငန်းစခန်းမှ သားဖောက်ထုတ်လုပ် သည့် ငါးမြစ်ချင်း ၂ လက်မအရွယ် (၁၁၀၀၀၀)ကောင်နှင့် အောင်ဟိတ်ငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း ၂ လက်မအရွယ် (၃၅၂၄၀၀) ကောင်ရေတို့အား ဝယ်ယူ၍ ကြေးတိုင်အင်း(၂)အင်းအတွင်း မျိုးစိုက် ထည့်ခဲ့ကြောင်း သိရသည်။