အဓိကအကြောင်းအရာသို့ သွားမည်
x

မောင်တောမြို့နယ်အတွင်း ငါးသယံဇာတတိုးပွားစေရေးနှင့်ပြည်သူများစားနပ်ရိက္ခာ ဖူလုံစေရေး ငါးမျိုးစိုက်ထည့်ပေး

            ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ မောင်တောမြို့နယ်အတွင်း ငါးသယံဇာတတိုးပွားစေရေးနှင့် ဒေသတွင်း ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေး ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ငါးမျိုးစိုက်ရာသီတွင်  ဆည်ရေလှောင်တမံများဖြစ်သည့် ငွေတောင်ဆည်နှင့် ကိုင်းကြီးဆည်တို့တွင် မျိုးစိုက်ထည့်ခြင်းကို စက်တင်ဘာ ၂၁ ရက်နေ့က အဆိုပါဆည် အသီး သီးတွင်ကျင်းပသည်။

အဆိုပါငါးမျိုးစိုက်ထည့်ခြင်းသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ခရိုင်/မြို့နယ်ဦးစီးဌာနမှူးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူးတို့ လိုက်ပါလျက် နံနက် ၈နာရီခွဲတွင် ငွေတောင်ဆည်တွင် လည်းကောင်း၊ နံနက် ၁၀ နာရီတွင် ကိုင်းကြီးဆည်တွင်လည်းကောင်း ထိုင်းငါးခုံးမကြီး ကောင်ရေ(၃၀၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၅၀၀၀၀)ကို ငါးမျိုးစိုက်ထည့်ခဲ့သည်။ ဆက်လက် ပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ မောရဝတီဆည်နှင့် ကျောက်ပန္ဒူဆည်များတွင် ဆက်လက် မျိုးစိုက်ထည့်သွားပေးမည်ဖြစ်ကြောင်း သိရသည်။