အဓိကအကြောင်းအရာသို့ သွားမည်
x

သာပေါင်းမြို့နယ်အတွင်း ငါးများ ဈေးနှုန်းချိုသာစွာရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အများပြည်သူစျေးနှုန်းချိုသာစွာ ငါးစားသုံးနိုင်စေရေးအတွက် သာပေါင်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေလုပ်ငန်းရှင်များ ပူးပေါင်း၍ အများပြည်သူဈေးနှုန်းချိုသာစွာ ငါးစားသုံးနိုင်ရေးအတွက် စက်တင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက ရှမ်းမမြောင်ကျေးရွာအုပ်စု တောင်ယာကုန်းကျေးရွာနှင့်တောင်ကလေးကျေးရွာအုပ်စု တောင်ကလေး ကျေးရွာတွင် ငါးခေါင်းပွ၊ ငါးမြစ်ချင်း(၇၀)ပိဿာအား (၂၀၀၀)ကျပ်စျေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ ငါးများဈေးနှုန်းချိုသာစွာရောင်းချရာတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးမျိုးသိန်းနှင့် ဝန်ထမ်းများ၊ ရေလုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သာပေါင်းမြို့နယ်အတွင်း ငါးများ ဈေးနှုန်း သက်သာစွာရောင်းချပေးမှုအနေဖြင့် စုစုပေါင်း သတ္တမအကြိမ်မြောက် ရောင်းချပေးခဲ့ကြောင်းသိရ သည်။