အဓိကအကြောင်းအရာသို့ သွားမည်
x

စစ်ကိုင်းတိုင်းဒေသကြီး ခရိုင် မြို့နယ်အချို့၌ အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ငါးကဏ္ဍအပေါ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

စစ်ကိုင်းတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနများမှ အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ငါးလုပ် ငန်းကဏ္ဍအပေါ်သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ခရိုင်ငါးလုပ်ငန်းဦးစီးမှူးရုံး၌ အောက်တိုဘာလ ၁၂ရက်က လည်းကောင်း၊

ဟုမ္မလင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ဟုမ္မလင်းမြို့နယ်အတွင်း အယ်လ်နီညိုရာသီဉတု ဖြစ်စဉ်ကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ်သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေးအသိ ပညာပေးဟောပြောပွဲကို  အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ကတ်သာကျေးရွာတွင်လည်း ကောင်း၊

အလားတူ ကန့်ဘလူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေဦးခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် ငါးမွေးမြူနေသူများအား အယ်လ်နီညိုရာသီဉတုဖြစ်စဉ်ကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ်သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာ ကွယ်နိုင်ရေးအသိ ပညာပေးဟောပြောပွဲများကို အောက်တိုဘာ ၁၅ ရက်နေ့က လည်းကောင်း၊

အလားတူ ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကသာမြို့နယ်အတွင်း ငါးမွေးမြူလုပ်ငန်းရှင်များ အား ကသာခရိုင်ငါးလုပ်ငန်းဦးစီးမှူးရုံးနှင့် စစ်ကိုင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနက၊ စစ်ကိုင်းမြို့နယ် ကုန်းရွာရှိ ငါးမွေးတောင်သူများအား  အယ်လ်နီညို ရာသီဉတုဖြစ်စဉ်ကြောင့် ငါးလုပ်ငန်းကဏ္ဍ အပေါ်သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲများကို အောက်တိုဘာ ၁၈ ရက်နေ့ က လည်းကောင်း၊

တမူးခရိုင် တမူးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား အယ်လ်နီညို ရာသီဉတု ဖြစ်စဉ်ကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ်သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိ ပညာပေးဟောပြောပွဲနှင့် စစ်ကိုင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနက အုန်းတောကျေးရွာရှိ စက်မှုစိုက်ပျိုး ရေးကျောင်းတွင် ကျောင်းသား ကျောင်းသူများအား အယ်လ်နီညို ရာသီဉတု ဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၁၉ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

 

အယ်လ်နီညိုပညာပေးဟောပြောပွဲတွင် အယ်လ်နီညို ဖြစ်စဉ်ကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်နိုင်မှုနှင့် အပူချိန်မြင့်မားသည့် ကာလများ ဖြစ်သော ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့တွင် ဖြစ်ပေါ်လာနိုင်သည့် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့်  ဒေသခံပြည်သူများကြုံတွေ့ရမည့် အခြေအနေများကို ကြိုတင်ပြင်ဆင်ထားရှိရန် အယ်လ်နီ ညိုဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးနောက် လုပ်ဆောင်ရမည့်လုပ်ငန်းများကို ငါးမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုတင်ပြင် ဆင်မှုများ ဆောင်ရွက်ထားရှိရန် ငါးမွေးမြူတောင်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်