အခြေခံပညာကျောင်းများ နို့တိုက်ကျွေးရေးစီမံချက် (School Milk Pogram)
ရည်ရွယ်ချက်
၁။ အနာဂတ်လူငယ်များ IQ (ဉာဏ်ရည်) မြင့်မားတိုးတက်စေရန် ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် ဉာဏ်စွမ်းရည်ထက်မြက်တဲ့ မျိုးဆက်သစ် အင်အားစုများရရှိ စေရန်အတွက် နိုင်ငံတော်စီမံကိန်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လမ်းညွှန်မှုပြုခဲ့ပါသည်။
ဆောင်ရွက်ချက်များ
၂။ School Milk Pogram အား (၁၆-၉-၂၀၁၂) ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်းမူလတန်းကျောင်းတွင် စတင်ခဲ့ပြီး နေပြည်တော်ရှိ အခြေခံပညာမူလတန်းကျောင်း (၈၁) ကျောင်းမှ ကျောင်းသူ/ကျောင်းသား (၃ဝဝဝဝ) ကို နို့တိုက်ကျွေး ခဲ့ပါသည်။
၃။ ၂၀၁၃-၂၀၁၄ ခုနှစ်တွင်နေပြည်တော်၊ ရန်ကုန်၊ ကယား၊ ကရင်၊ ရခိုင်၊ ရှမ်း၊ မွန်၊ ချင်းပြည်နယ်တို့တွင်စုစုပေါင်း ကျောင်းသားဦးရေ(၁၇၁၉၉၃) ဦးအား တိုက်ကျွေးနိုင်ခဲ့ပါသည်။
၄။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး (၃) ခုနှင့် ပြည်နယ် (၂) ခု ရှိ အခြေခံပညာကျောင်း စုစုပေါင်း (၇၂၉) ကျောင်းရှိ မူလတန်းကျောင်းသူ/သား စုစုပေါင်း (၁၂၅၉၃၆) ဦးကို နို့တိုက်ကျွေးနိုင်ခဲ့သည့်အပြင်ဧရာဝတီတိုင်းဒေသကြီးတွင် -
- ငပုတောမြို့နယ်၊ ကျုံကူး (အထက) နှင့် ရေကျော် (အလကခွဲ) ရှိ ကျောင်းသူ/သား (၃၁၄) ဦး၊
- လပွတ္တာမြို့နယ်၊ အမက (၁၀) ကျောင်းမှာ ကျောင်းသား/သူ (၁၄၇၁) ဦး စုစုပေါင်း (၁၂) ကျောင်းတွင် ကျောင်းသူ/သား (၁၇၈၅) ဦးကိုလည်း တိုးချဲ့နို့တိုက်ကျွေးနိုင်ခဲ့ပါသည်။
၅။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့အပြင်အခြား တိုင်းဒေသကြီး/ ပြည်နယ်ရှိ အခြေခံပညာကျောင်း စုစုပေါင်း (၃၃၇၇) ကျောင်းရှိ မူလတန်းကျောင်းသူ/ သား စုစုပေါင်း (၇၀၉၃၄၆) ဦးကိုနို့တိုက်ကျွေးနိုင်ခဲ့ပါသည်။
၆။ အခြေခံပညာကျောင်းများ နို့စတင်တိုက်ကျွေးသည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အထိ ကျောင်းသူ/သားစုစုပေါင်း (၁၀၃၉၀၆၀) ဦး နို့တိုက်ကျွေးခြင်း အကျိုး ကျေးဇူးကို ခံစားရရှိခဲ့ပြီးဖြစ်ပါသည်။
၇။ ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနများ ပူးပေါင်း၍ အလှူရှင်များပါဝင်လျှက် ဆောင်ရွက်ခဲ့ပါသည်။
၈။ အခြေခံပညာကျောင်းများ တိုးချဲ့နို့တိုက်ကျွေးနိုင်ရန်၊နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက်နွားမေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် နို့စားနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုနိုင်ရန် မျိုးချောင်းများနှင့် နိုက်တြိုဂျင်အရည်များ အခမဲ့ဖြန့်ဖြူးပေးခြင်း၊ နည်းပညာသင်တန်းများပေးခြင်း၊ မျိုးမြှင့်တင်ဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်ဖြန့်ဖြူးပေးခြင်းများအား လည်း ဆောင်ရွက်လျှက်ရှိပါသည်။
၉။ နို့စားနွားမွေးမြူရေးဖွံ့ဖြိုးသောဒေသများတွင် နို့ပေါင်းစက်နှင့်နို့အအေးခံစက်များအား Public Private Partnership အခြေခံစနစ်ဖြင့် တည်ဆောက်သွားရန်အတွက် အလုံး (၈၀) ဖြန့်ဖြူးဆောင် ရွက်ပေးခဲ့ပါသည်။
၁၀။ ဒေသခံမွေးမြူသူတောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးနိုင်ရန်အတွက် ပညာပေးသင်တန်းများ၊ လူထုအသိပညာပေးလုပ်ငန်းများ၊ မီဒီယာပညာပေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိပါသည်။