အဓိကအကြောင်းအရာသို့ သွားမည်
x

ဝန်ဆောင်မှု​ခေါင်းစဉ်

ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် မွေးမြူမှုလိုင်စင် ထုတ် ပေးခြင်း

ဝန်ဆောင်မှုရယူရန်

အခြေခံလိုအပ်ချက် များ

(၁) ပုဂ္ဂလိကပျားမွေးမြူသူတစ်ဦးသည်ပျားလုပ်ငန်းဌာနမှ ဖွင့် လှစ်သော သင်တန်းတစ်ခုခုသို့ တက်ရောက်ပြီးသူ ဖြစ်ရပါ မည်။ ပျားမွေးမြူရေးအား  စိတ်ပါဝင်စားသူ ဖြစ်ရပါမည်။

(၂) ပုဂ္ဂလိက ပျားမွေးမြူမှုလိုင်စင်လျှောက်ထားသူအား မြို့နယ် ဦးစီးမှူးများ ပါဝင်သောအဖွဲ့မှ ပျားမွေးမြူရေး အတတ် ပညာ စစ်ဆေးပြီး တက်မြောက်ကြောင်း လက်ခံနိုင်မှသာ လိုင်စင်ထုတ်ပေးပါမည်။

(၃) ပျားမွေးမြူမှု လိုင်စင်လျှောက်ထားလိုသူသည် ပျားအုံများ အား  ဝယ်ယူ၍ ကိုင်တွယ် မွေးမြူမည်ဆိုပါက ပုဂ္ဂလိက ပျား မွေးမြူမှု လိုင်စင်စာအုပ် ပြုလုပ်ထားရှိမှသာ မွေးမြူရ မည် ဖြစ်ပါသည်။

(၄) ပုဂ္ဂလိက ပျားမွေးမြူမည်ဆိုပါက အနည်းဆုံးပျားအုံ (၂၀) အုံရှိမှသာ မွေးမြူခွင့် လိုင်စင်ပြုလုပ်ပေးမည် ဖြစ်ပါသည်။

(၅) ပုဂ္ဂလိကပျားမွေးမြူမှုလိုင်စင်အား သက်တမ်း(၁)နှစ်သာ 

      ပေးထား ဘဏ္ဍာနှစ်အလိုက် ဧပြီလမှ မတ်လကုန် အထိ  

  သတ်မှတ်ထားသောကြောင့် (၁)နှစ်လျှင် တစ်ကြိမ် သက် တမ်း တိုးရပါမည်။

ဝန်ဆောင်ခ

- ၁၅၀၀ ကျပ်

လိုအပ်သော စာရွက်/ စာတမ်းများ

-  မှတ်ပုံတင်မိတ္တူနှင့် လိုင်စင်ဓါတ်ပုံ(၂)ပုံ

-  အိမ်ထောင်စုစာရင်းမိတ္တူ(၁)စောင်

-  ပျားသင်တန်း တက်ရောက်ပြီးစီးမှု သက်သေခံလက်မှတ် မိတ္တူ  

    (၁)စောင်

-  ကိုယ်ရေးအချက်အလက် အကျဉ်းချုပ်

- ပျားအုံ စတင်မွေးမြူသည့် ရက်စွဲ၊ ပျားအုံ အရေအတွက်၊           မွေးမြူမည့် မြို့နယ်/ တိုင်းဒေသကြီး/ ပြည်နယ်

- ဌာနမှထုတ်ပြန်ထားသော မွေးမြူရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာနိုင်ခြင်း ရှိ/မရှိ

- တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်ဦးစီးမှူးများ၏ ထောက်ခံ ချက်စာ( မူရင်း )

ဝန်ဆောင်မှုပေး မည့်ဌာန၏ ဆက်သွယ်ရမည့်  လိပ်စာ

နေပြည်တော်

ရုံးအမှတ်-၃၆၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ​မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်း ဌာန။

( သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်များမှ တစ်ဆင့် )