အဓိကအကြောင်းအရာသို့ သွားမည်
x

ဈေးပြိုင်စနစ်ဖြင့်လေလံတင်ရောင်းချခြင်းကြော်ငြာ

 

၁။      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်သူ့ဘဏ္ဍာ သိမ်းယူထိန်းသိမ်းထားသော (ငါးဖမ်း၊ ငါးသယ်ရေယာဉ်) ( ၅၇ )စီးအား မျက်မြင်အခြေအနေ အတိုင်း ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

၂။

လျှောက်လွှာနှင့်စည်းကမ်းချက်ပုံစံရောင်းချမည့် -

 

(က)

နေ့ရက်

-

(၈ -၃ -၂၀၂၄)ရက်မှ(၂၅-၃-၂၀၂၄)ရက်အထိ။

 

(ခ )

အချိန်

-

နေ့စဉ်ရုံးဖွင့်ချိန်များတွင် နံနက်(၀၉:၃၀) နာရီမှ (၁၅:၃၀)နာရီထိ။

 

(ဂ )

နေရာ

-

ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ရုံးအမှတ်(၃၆)၊ပဏ္ဍိတလမ်း၊ နေပြည်တော်။

၃။

ရေယာဉ်များ၏မျက်မြင် အခြေအနေအားကြည့်ရှု့ ရမည့် နေရာ

-

ကော့သောင်းခရိုင်တွင်(၇)စီး၊ ဘုတ်ပြင်းခရိုင်တွင်( ၅ )စီး၊      မြိတ်ခရိုင်တွင်( ၁၅ ) စီး၊  ထားဝယ်ခရိုင်တွင် ( ၅ )စီး၊  

ဖျာပုံခရိုင် ( ၂၃ ) စီး နှင့် ရန်ကုန်တိုင်းဒေသကြီး ( ၂ ) စီး၊ တို့အားသက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများသို့သွားရောက် ဆက်သွယ်၍ ဆိုက်ကပ်ထားသော ရေယာဉ်များအား မျက်မြင်ကြည့်ရှု နိုင်ပါသည်။

၄။

လျှောက်လွှာ(၁)စောင်

-

(၅ဝဝဝိ/-)(ကျပ်ငါးထောင်)

၅။

လေလံရောင်းချရမည့်  နေ့ရက် 

-

(၂၉ - ၃ -၂၀၂၄)ရက်နေ့ နံနက်(၁၀ : ၀၀ ) နာရီ

၆။

လေလံရောင်းချရမည့်  နေရာ  

-

ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ရုံးအမှတ်(၃၆)၊ပဏ္ဍိတလမ်း၊ နေပြည်တော်။

၇။

ဆက်သွယ်ရမည့် ဖုန်းနံပါတ်

-

၀၆၇-၄၁၈၅၃၁,၀၆၇-၄၀၈၄၇၇

၈။      လေလံဆွဲသူသည် ဝယ်ယူမည့်ရေယာဉ်(၁)စီးချင်းအတွက် စဘော်ငွေအား နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်တွင် Payment Order Cheque(P.O)ဝယ်ယူ၍ လေလံပွဲမတိုင်မီ(၂၆-၃-၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍  လေလံတင်ရောင်းချရေးလုပ်ငန်းကော်မတီသို့ တင်ပြရမည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးလုပ်ငန်းကော်မတီ

(လေလံတင်ရောင်းချရေးလုပ်ငန်းကော်မတီ)