အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

တင်ဒါအဆိုပြုလွှာခေါ်ယူခြင်း

 

၁။        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် ရွာသာကြီး ဘက်စုံမွေးမြူရေးစခန်းအတွင်းရှိ မြေ(၁၀)ဧကနှင့် ယင်းမြေပေါ်ရှိ တန်(၁၃၀)ဆန့် ကြက်သားထုတ်စက်ရုံနှင့် အအေးခန်းအပါအဝင် အဆောက်အဦများ၊ စက်ပစ္စည်းများအား အောက်ဖော်ပြပါ လုပ်ငန်းများ ဆောင်ရွက်လို သည့် ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်/ ကုမ္ပဏီများသို့ နှစ်ရှည်ငှားရမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်-

စဉ်

ခြံ/ စက်ရုံအမည်

ဧက

ငှားရမ်းဆောင်ရွက်မည့် လုပ်ငန်း

၁။

ရွာသာကြီးဘက်စုံမွေးမြူရေးစခန်း အတွင်းရှိ မြေနှင့် ယင်းမြေပေါ်ရှိ တန်(၁၃၀)ဆန့် ကြက်သားထုတ် စက်ရုံနှင့် အအေးခန်း အပါအဝင် အဆောက်အဦ၊ စက်ပစ္စည်းများ

၁၀

သားငါး သန့်စင်၊ ပြုပြင်၊ မွမ်းမံ၊ အေးခဲ၊ ထုတ်လုပ်၊ ဖြန့်ဖြူး ခြင်းလုပ်ငန်းများ၊ 

 

 

၂။         တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စီးပွားရေးရာ အထောက်အကူပြုဌာနခွဲ၊ ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် တစ်စောင်လျှင်(၁ဝဝဝဝိ/-)ကျပ်ဖြင့် ရုံးချိန်အတွင်း လာရောက်ဝယ်ယူ နိုင်ပါသည်။

၃။        တင်ဒါအဆိုပြုလွှာ တင်သွင်းသူများအနေဖြင့် တင်ဒါအဆိုပြုလွှာများအား (၁၇-၆-၂၀၂)ရက် (၁၄:၃၀)နာရီ နောက်ဆုံးထား၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြုဌာနခွဲသို့ ပေးပို့တင်ပြရမည်။

၄။        အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇- ၃၄၀၈၄၈၀၊ ၀၆၇- ၃၄၁၈၄၅၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန