အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

တင်ဒါအဆိုပြုလွှာခေါ်ယူခြင်း

 

၁။        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် ရန်ကုန်တိုင်း ဒေသကြီးရှိ ဒညင်းကုန်းအစာစပ် စက်ရုံမြေ(၇.၉၁၄)ဧကနှင့် မြေပေါ်ရှိအဆောက်အဦ(၁၃)လုံး၊ စက်ပစ္စည်း (၈)မျိုးတို့အား တိရစ္ဆာန်အစာထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသူများသို့ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် (၅)နှစ် ငှားရမ်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ရာ လုပ်ငန်းများဆောင်ရွက်ရန် စိတ်ပါ ဝင်စားသူပြည်တွင်း ပြည်ပ လုပ်ငန်းရှင်/ ကုမ္ပဏီများမှ တင်ဒါအဆိုပြုလွှာများ တင်သွင်းနိုင်ပါရန် ဖိတ်ခေါ် အပ်ပါသည် -

စဉ်

ခြံ/ စက်ရုံအမည်

ဧက

ငှားရမ်းဆောင်ရွက်မည့် လုပ်ငန်း

၁။

ဒညင်းကုန်းအစာစပ်စက်ရုံမြေနှင့်မြေပေါ်ရှိ အဆောက်အဦစက်ပစ္စည်းများ

၇.၉၁၄

တိရစ္ဆာန်အစာထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်

 

 

 

 

၂။         တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာ အထောက်အကူပြုဌာနခွဲ၊ ရုံးအမှတ်(၃၆) နေပြည်တော်တွင် ရုံးချိန်အတွင်း (၁)စောင်လျှင့် ကျပ် ၁၀၀၀ဝိ/-နှုန်းဖြင့် လာရောက်ဝယ်ယူရရှိနိုင်ပါသည်။

၃။        တင်ဒါအဆိုပြုလွှာ တင်သွင်းသူများအနေဖြင့် တင်ဒါအဆိုပြုလွှာများအား ( ၂၀- ၆-၂၀၂၄)ရက် (၁၄:၃၀)နာရီ နောက်ဆုံးထား၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြု ဌာနခွဲသို့ ပေးပို့တင်ပြရမည်။

၄။        အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇- ၃၄၀၈၄၈၀၊ ၀၆၇-၃၄၁၈၄၅၇ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန