အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

စိုက်ပျိုးရေးဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းစိုက်ကွင်းရှိ စိုက်ပျိုးမြေဧရိယာ(၄၉၂)ဧကခန့်နှင့် ကျုံကဒွန်း စိုက်ကွင်းရှိ စိုက်ပျိုးမြေဧရိယာ(၅၀၀)ဧကခန့်အား တောင်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် နှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝန်ကြီးဌာန၏ တင်ဒါစည်းမျဉ်းစည်းကမ်းချက်များ နှင့်အညီ ငှားရမ်းလုပ်ကိုင်ခွင့်ပြုပေးသွားနိုင်ရန်အတွက် ၁၈-၁၂-၂၀၂၃ ရက်နေ့တွင် သတင်းစာတွင် ကြော်ငြာခေါ်ပြီး ၉-၄-၂၀၂၄ ရက်နေ့တွင် ဈေးနှုန်းတင်သွင်းလွှာအား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ၎င်းတင်ဒါ မှာ အောင်မြင်မှုမရှိပါသဖြင့် စိုက်ပျိုးရေးလုပ်ငန်း စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား လုပ်ငန်းရှင်/ တောင်သူများအား ငှားရမ်းလုပ်ကိုင်နိုင်ခွင့်ရရှိစေရန် ထပ်မံဖိတ်ခေါ်အပ်ပါသည်-

၂။       တင်ဒါပုံစံရောင်းချမည့်ရက်             -         ၁၈-၅-၂၀၂၄ မှ ၃၁-၅-၂၀၂၄ ထိ

၃။      တင်ဒါပုံစံရောင်းချမည့်နေရာ           -         စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ

ရုံးအမှတ် (၅၀)၊ နေပြည်တော်

၄။      တင်ဒါလျှောက်လွှာလက်ခံမည့်ရက်   -         ၆-၆-၂၀၂၄ ရက်နေ့၊ (၁၃:၀၀)နာရီ

၅။      တင်ဒါလျှောက်လွှာလက်ခံမည့်နေရာ-         စိုက်ပျိုးရေးဦးစီးဌာန၊ ထောက်ပံ့ဖြည့်တင်းရေး

ဌာနခွဲ၊ ရုံးအမှတ် (၄၃)၊ နေပြည်တော်

၆။      အသေးစိတ်သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ ရုံးအမှတ် (၅၀)၊ နေပြည်တော်တွင် ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ ဖုန်း- ၀၆၇၃-၄၁၀၅၁၈၊ ၀၉-၄၂၈၅၉၅၅၉၃ တို့သို့ ဆက်သွယ်၍လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

စိုက်ပျိုးရေးဦးစီးဌာန