အငှားဂရန်အင်း/သီးသန့်အင်းငှားရမ်းခွင့် (မြန်မာနိုင်ငံသားများသာလျှင်)
| တင်ပြရန်လိုအပ်မည့် အထောက်အထားများ | ဂရန်အင်းငှားရမ်းခွင့် လျှောက်လွှာအတွက် (က) ဂရန်အင်းငှားရမ်းခွင့်လျှောက်လွှာ(Form 2) သီးသန့်အင်းငှားရမ်းခွင့်လျှောက်လွှာအတွက် (က) သီးသန့်အင်းငှားရမ်းခွင့်လျှောက်လွှာ(Form 26) | 
| လုပ်ငန်းစဉ်အဆင့် | (က) လျှောက်ထားသူသည် အငှားဂရမ်အင်း/ သီးသန့်အင်း ငှားရမ်းခွင့် လျှောက်ထားရန်အတွက် တင်ပြရန်လိုအပ်သော အထောက်အထား များကိုမြို့နယ်ရုံး ငါးလုပ်ငန်းဉီးစီးဌာနသို့ တင်ပြလျှောက်ထား ရမည်။ (ခ) မြို့ရုံးငါးလုပ်ငန်းဉီးစီးဌာနမှ တင်ပြလာသော အထောက်အထားများ ကို စစ်ဆေးပြီးပြည့်စုံခဲ့လျှင် ဂရန်အင်းလေလံဆွဲဝယ်ခွင့် လက်မှတ် (Form 3) ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရေချိုငါးလုပ်ငန်း ဥပဒေအရ ထုတ်ပေးမည်။ (ဂ) ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးရုံး ငါးလုပ်ငန်းဉီးစီးဌာနမှ တင်ပြလာသော အထောက်အထားများကို စစ်ဆေးပြီး ပြည့်စုံ ခဲ့လျှင် အငှားဂရမ် (Form 6 ) သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေအရ ထုတ်ပေးမည်။ | 
| ဝန်ဆောင်ခ | ငါးလုပ်ငန်းဈေးပြိုင်စနစ်ဖြင့်လေလံဆွဲဝယ်ယူခွင့်စနစ်အရ | 
| ကြာမြင့်ချိန် | ရေချိုငါးလုပ်ငန်း ရာသီချိန်အလိုက် ဆောင်ရွက်ခြင်း | 
| လျှောက်ထားရမည့် နေရာ | မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၊ | 
| အတည်ပြုလက်မှတ် ရေးထိုးသည့် ရာထူး/အဆင့် | ညွှန်ကြားရေးမှူး၊ ပြည်နယ် (သို့) တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနရုံး | 
| သတ်မှတ်ချက်များ | 
 
 | 
 
 
