အဓိကအကြောင်းအရာသို့ သွားမည်
x

ပျားမွေးမြူမှုဖွံ့ဖြိုးရေး

၁။    ပျားမွေးမြူမှုဖွံ့ဖြိုးရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်(၁၀)ခု၊ မြို့နယ်(၃၁)မြို့နယ်၌ နိုင်ငံပိုင် ပျားအုံပေါင်း(,၂၀၀)အုံဖြင့် ပညာပေးလုပ်ငန်းများ၊ မျိုးဖြန့်ဖြူးရေးလုပ်ငန်း၊ သုတေသန လုပ်ငန်းများနှင့် ဝတ်မှုန်ကူးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပုဂ္ဂလိကပျားမွေးမြူသူဦး ရေ(၈၂၀)ဦးမှ ဥရောပ ပျားအုံ ပေါင်း(၂၀၀,၀၃၆)အုံဖြင့် မွေးမြူထုတ်လုပ်လျက်ရှိရာ ဌာန၊ပုဂ္ဂလိကပျားအုံပေါင်း(၂၀၆,၂၃၆) အုံမွေးမြူထားရှိပါသည်။

၂။            ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်ပျားအုံများရွှေ့ပြောင်း၊မွေးမြူခြင်းဖြင့်သီးနှံဧကပေါင်း (,၀၂၈,၁၈၈) ဧကကို ဌာန၊ပုဂ္ဂလိကပျားအုံများဖြင့် ဝတ်မှုန်ကူးဝန်ဆောင်မှုကိုလည်းကောင်း၊ ပျားရည်ထုတ်လုပ်မှုပေါင်း (၃၄၆၃.၃၄)မက်ထရစ်တန်ကို ထုတ်လုပ်၍ ပြည်ပသို့ပျားရည် (၁၀၉၀.၃၅) မက်ထရစ်တန်ကို တင်ပို့နိုင်ခဲ့ပါသည်။

၃။           ထို့အပြင်ပျားဖြင့် ဝတ်မှုန်ကူးခြင်းသုတေသန၊ ပျားစာပင်သုတေသနနှင့် ပျားဘုရင်မကို သဘာဝ နည်းဖြင့်လည်းကောင်း၊ မေထုန်မဲ့သားစပ်နည်းဖြင့်လည်းကောင်း မွေးမြူထုတ်လုပ်ဖြန့်ဖြူး ပေးခြင်း၊ စီးပွားဖြစ်စိုက်ပျိုးရေး တောင်သူများသို့ပျားအုံများ ငှားရမ်းချထားပေးခြင်းဖြင့် သီးနှံ များအထွက်တိုးစေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၄။           ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိကပျားမွေးမြူသူများသို့ မျိုးကောင်းမျိုးသန့် ပျားဘုရင်မ (,၁၀၀) ကောင် ဖြန့်ဖြူးပေးခဲ့ပါသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှ၂၀၂၀-၂၀၂၂ဘဏ္ဍာနှစ်အထိ ပျားအုံမွေးမြူထားရှိမှု၊ပျားရည်ထုတ်လုပ်မှု၊ပြည်ပတင်ပို့မှုနှင့်ပြည်တွင်းစားသုံးမှုစာရင်း

ရေတွက်ပုံ- မက်ထရစ်တန်

စဉ်

ဘဏ္ဍာနှစ်

ပျားမွေးမြူသူဦးရေ(ဦး)

ပျားအုံ

(အုံ)

ပျားရည် ထုတ်လုပ်မှု

 

ပြည်ပပို့       ပျားရည်

ပြည်တွင်း စားသုံးမှု

 

 
 

၂၀၁၇-၁၈

၉၂၃

၁၇၁၁၃၀

၄၃၇၇.၈၂

၂၆၇၂.၀၂

၁၇၀၅.

 

၂၀၁၈ Sept

၉၂၇

၁၇၉၇၈၀

၂၀၈၅.၅၁

၁၁၀၀.၃၄

၉၈၅.၁၇

 

၂၀၁၈-၁၉

၉၄၃

၁၉၅၆၄၀

၄၈၆၉.၅၇

၂၂၂၃.၈၆

၂၆၄၅.၇၁

 

၂၀၁၉-၂၀

၈၆၆

၁၉၈၉၇၀

၅၁၅၉.၀၆

၂၃၄၅.၈၆

၂၈၁၃.

 

၂၀၂၀-၂၀၂၁

၈၂၂

၂၀၀၀၃၆

၅၄၁၁.၃၇

၂၆၆၆.၄၈

၂၇၄၄.၈၉

 

၂၀၂၁-၂၀၂၂

၈၂၀

၂၀၀၀၃၆

၃၄၆၃.၃၄

၁၀၉၀.၃၅

၂၃၇၂.၉၉