အဓိကအကြောင်းအရာသို့ သွားမည်
x

ပျဉ်းမနား ပေါင်းလောင်းရေလွဲဆည်အတွင်း ငါးမျိုးစိုက်ထည့်

နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျေးလက်နေပြည်သူများ ငါးရိက္ခာများပိုမိုဖမ်းယူစားသုံးနိုင်ရေးနှင့် ငါးလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းသည့် မိသားစုများ တစ်ပိုင်တစ်နိုင်ဝင်ငွေတိုးတက်လာစေရေးအတွက် သဘာဝ၊ မြစ်၊ ချောင်း၊ ဆည်၊ တာတမံ ကန်များအတွင်း ငါးမျိုးများစိုက်ထည့်လျက်ရှိသည်။

နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးဌာနမှ (၈.၇.၂၀၂၁)ရက်​နေ့​၊ နံနက်ပိုင်းက နေပြည်​တော်နယ်​မြေ၊ ပျဉ်းမနားမြို့နယ်​ပေါင်း​လောင်းရေလွဲဆည်အတွင်း ရေဆင်းငါးလုပ်ငန်းစခန်းမှ (၂)လက်မအရွယ် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၈၀၀၀၀)အား မျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့  နေပြည်တော်တိုင်းငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်ညိုညိုအေး၊ ပျဉ်မနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အတွင်းရေးမှူး ရဲမှူး ဦးသိန်းဝင်းထွန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်နှင့် ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကွပ်ကွဲရေး ကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ငါးလုပ်ငန်းဦးစီးမှူးများ၊ ရေဆင်းငါးလုပ်ငန်းစခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ကျေးရွာမြစိမ်းရောင်(ငါးကဏ္ဍ) ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ငါးမျိုးစိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။