အဓိကအကြောင်းအရာသို့ သွားမည်
x

ငါးချဆိပ်ကမ်းမှတ်ပုံတင်လက်မှတ်

တင်ပြရန်လိုအပ်မည့်

အထောက်အထားများ

ကုမ္ပဏီ၏ (Leter Head) ဖြင့်တင်ပြလာသောလျှောက်လွှာ

လုပ်ငန်းစဉ်အဆင့်

(က)  လျှောက်ထားသူသည် ငါးချဆိပ်ကမ်း မှတ်ပုံတင်လက်မှတ် လျှောက်ထားရန်အတွက် တင်ပြရန်လိုအပ်သော အထောက်အထားများ  ကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ငါးလုပ်ငန်းဉီးစီးဌာနသို့ တင်ပြလျှောက်ထားရမည်။

(ခ)    ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးငါးလုပ်ငန်းဉီးစီးဌာန မှ တင်ပြလာသော အထောက်အထားများကို စစ်ဆေးပြီး ပြည့်စုံခဲ့လျှင် ငါးချဆိပ်ကမ်းမှတ်ပုံတင်လက်မှတ်ကို ထုတ်ပေး မည်။

ဝန်ဆောင်ခ

ဝန်ဆောင်ခ  မဟုတ်ပါ။ ငါးချဆိပ်ကမ်းမှတ်ပုံတင်ကြေးကို တိုင်းဒေသကြီး/   ပြည်နယ်ဘဏ္ဍာ ငွေစာရင်းသို့ မှတ်ပုံတင်လိုင်စင်ခ အဖြစ် ပေးသွင်း စေလျက်ရှိပါသည်။

ကြာမြင့်ချိန်

သက်ဆိုင်ရာဌာနများ၏ ထောက်ခံစာများ၊ သဘောတူညီချက်နှင့် လိုအပ်သောလိုင်စင်များလျှောက်ထားမှုအပေါ်တွင်မူတည်သည်။

လျှောက်ထားရမည့် နေရာ

တိုင်းဒေသကြီး/ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး

အတည်ပြုလက်မှတ်ရေးထိုးသည့် ရာထူး/အဆင့်

ညွှန်ကြားရေးမှူး၊

ပြည်နယ် (သို့) တိုင်းဒေသကြီးဦးစီးမှူး၊ ငါးလုပ်ငန်းဦးစီးဌာန

သတ်မှတ်ချက်များ

  • ဤလိုင်စင်ကိုသက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ စစ်ဆေးသည့်အခါ ပြသရမည်။
  • နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့် ငါးလုပ်ငန်းဉီးစီးဌာနက အခါအား လျော်စွာထုတ်ပြန်သည့်  အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရမည်။
  • ငါး/ပုစွန်များအား ကြမ်းခင်း (ခြေနင်းဖက်)တွင်မချရ။
  • ငါး/ပုစွန်တင်ချသည့် ဧရိယာတွင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊   ကွမ်းတံတွေးထွေးခြင်း မပြုလုပ်ရန်၊ သတိပေး  ဆိုင်းပုဒ်ကပ်ရန်၊ နှင့်လိုက်နာစေရန်။
  • ငါးတင်ချရာနေရာတွင် အိမ်မွေးတိရိစာ္တန်များ ၊ ခွေး၊ ကြောင်များ မဝင်ရောက်နိုင်ရေး စီမံထားရှိရမည်။
  • ယင်၊ ကြွက်၊ ငှက်များ မရှိစေရေးစီမံဆောင်ရွက်ရန်။
  • ငါး/ပုစွန်အတွက်အသုံးပြုသော ရေ ၊ရေခဲသန့်ရှင်းရမည်။
  • ကျန်းမာရေးဝန်ကြီးဌာနတွင် တစ်နှစ်တစ်ကြိမ် အသုံးပြုသော  ရေအား ဓာတုဆိုင်ရာ စစ်ဆေးမှုခံယူရမည်။
  • ဝန်ထမ်းများ တစ်နှစ်တစ်ကြိမ် ဆေးစစ်၍ မှတ်တမ်းထားရှိ ရမည်။
  • ဝန်ထမ်းများသန့်ရှင်းသော  ယူနီဖောင်းဝတ်ဆင်ရမည်။
  • ငါးတင်/ချရန်လာရောက်မည့်မော်တော်ယာဉ်မှထွက်ရှိသော မီးခိုး၊ ငါး/ပုစွန်နှင့် ထိတွေ့ခြင်းမရှိစေရန် ဆောင်ရွက်ထားရှိ ရမည်။
  • ငါး/ပုစွန်အား အမြန်ဆုံးတင်ချရန် နေရောင်အောက်တွင် မထားရှိရန်။
  • ငါး/ပုစွန်၏ အရည်အသွေးမကျစေရန်   ရေခဲနှင့် အမြဲထိတွေ့နိုင်ရေး  ဆောင်ရွက်ရန်။
  • ငါး/ပုစွန်များသယ်ယူရာတွင် အမိုးအကာပါရှိသော ကားများ ဖြင့်သာ သယ်ယူရန်။