အဓိကအကြောင်းအရာသို့ သွားမည်
x

ကျန်းမာရေးထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း (ငါးလုပ်ငန်းဦးစီးဌာန)

တင်ပြရန်လိုအပ်မည့်

အထောက်အထားများ

(က)  ကုမ္ပဏီ၏ Letter Head ဖြင့် တင်ပြလာသော လျှောက်လွှာ

(ခ)    ကုန်ပစ္စည်းစာရင်း (မိတ္တူ)

(ဂ)    ဓါတ်ခွဲစစ်ဆေးမှုရလဒ် (မူရင်း)

(ဃ)  ပို့ကုန်ကြေငြာလွှာ (မိတ္တူ)

(င)    သင်္ဘောတင်ကုန်ပစ္စည်းစာရင်း(မိတ္တူ)

(စ)    ပြည်ပသို့ရေထွက်ပစ္စည်းများမတင်ပို့မှီကြိုတင် စစ်ဆေးခြင်း (PEV) အစီရင်ခံစာ

လုပ်ငန်းစဉ်အဆင့်

 (က)  လျှောက်ထားသူသည် ကုမ္ပဏီ၏     Letter Head ဖြင့် တင်ပြ လျှောက်ထား ရမည်။

(ခ)      တင်ပို့မည့် ရေထွက်ကုန်ပစ္စည်းများမှ နမူနာကိုထုတ်ယူပြီး လူအများစားသုံးရန် သင့်တော်ခြင်း ရှိ/မရှိစစ်ဆေးနိုင်ရန် ငါးလုပ်ငန်း  ဦးစီးဌာန၊ ဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရမည်။

(ဂ)     ငါးလုပ်ငန်းဦးစီးဌာနမှ စစ်ဆေးရေးမှူးများသည် တင်ပြလာသော အထောက်အထားများကို PEV နှင့်အညီစစ်ဆေးခြင်း ဆောင်ရွက် ရမည်။

(ဃ)    PEV စစ်ဆေးမှု ရလဒ်များအရ ကွဲလွဲချက်များတစုံတရာမရှိခဲ့လျှင် ညွှန်ကြားရေးမှူးချုပ်ကိုယ်စားတာဝန်ခံအရာရှိမှ လက်မှတ်ရေးထိုး၍ ကျန်းမာရေးထောက်ခံချက် ထုတ်ပေးမည်။

(င)      လျှောက်ထားသူသည် ကျန်းမာရေးထောက်ခံချက်ကို ငါးလုပ်ငန်း ဦးစီးဌာနတွင် လူကိုယ်တိုင်လာရောက်ထုတ်ယူရမည်။

ဝန်ဆောင်ခ

ဓာတ်ခွဲစမ်းသတ်မှုအတွက် ဝန်ဆောင်ခကောက်ခံပါမည်။

ကောက်ခံမည့်နှုန်းထားများသည် စမ်းသပ်စစ်ဆေးမည့် နမူနာ ပစ္စည်းအမျိုးအစားပေါ်တွင်မူတည်သည်။

ကြာမြင့်ချိန်

တင်ပြလာသောအထောက်အထားများပြည့််စုံခဲ့လျှင် နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။

လျှောက်ထားရမည့် နေရာ

ငါးလုပ်ငန်းဦးစီးဌာန

အတည်ပြုလက်မှတ်ရေးထိုးသည့် ရာထူး/အဆင့်

ညွှန်ကြားရေးမှူးချုပ်ကိုယ်စားတာဝန်ခံအရာရှိမှလက်မှတ်ရေးထိုး ခြင်း

 

သတ်မှတ်ချက်များ

ဤကျန်းမာရေးထောက်ခံချက်  လက်မှတ်သည်        ပို့ကုန်အခေါက်တိုင်း  အတွက် လိုအပ်ပါသည်။