အဓိကအကြောင်းအရာသို့ သွားမည်
x

ဝန်ဆောင်မှုခေါင်းစဉ်

ပြည်ပသို့တင်ပို့ခြင်းဆိုင်ရာအသိအမှတ်ပြုကဒ်(Smart Card) လျှောက်ထားခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ကျွဲ၊ နွားအရှင်များ ပြည်ပသို့ တင်ပို့မည့်သူများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကုမ္ပဏီလိုင်စင်ရရှိထားရန်လိုအပ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

(၁) လျှောက်လွှာပုံစံ - ကသ(၁)

(ခ) ကုမ္ပဏီမှတ်ပုံတင် (မူရင်း)

(ဂ) ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (မူရင်း)

(ဃ) ကုမ္ပဏီတာဝန်ရှိသူဖြစ်ကြောင်းအထောက်အထား (Form XXVI of Profile)

(င) ကျွဲ၊ နွားကိုယ်တိုင်မွေး/ မွေးဖက်ပေးစီမံချက်

(စ) ကိုယ်စားလှယ်လွဲအပ်ဆောင်ရွက်မည့် ကိုယ်စားလှယ်အမည်နှင့် လိပ်စာ

လျှောက်ထားရန်အဆင့်များ

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် ကုမ္ပဏီပိုင်ရှင်ကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ပါသည်။

ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ

ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်။ ဖုန်းနံပါတ်-၀၆၇၃၄၁၈၅၇၆

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ

ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဏ္ဍိတလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။