လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) လျှောက်ထားခြင်း
(က)လယ်ယာမြေနည်းဥပဒေ ၄ အရ လယ်ယာမြေကို အသုံးပြုခွင့် ရရှိထားသူ သည် မိမိအသုံးပြုခွင့် ရရှိထားသော လယ်ယာမြေအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားလိုသူမှ လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ ပုံစံ(၁)ကို သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင် အခမဲ့ရယူ၍ ပြည့်စုံစွာ ဖြည့်စွက်ပြီးနောက် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တစ်ဆင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသို့ လျှောက်ထားရမည်ဖြစ်ပါသည်။
