ငါးသားဖောက်စီးပွားဖြစ်လုပ်ငန်း၊ အလှမွေးငါး စီးပွားဖြစ်မွေးမြူခွင့်လိုင်စင်
| 
			 တင်ပြရန်လိုအပ်မည့် အထောက်အထားများ  | 
			
			 ငါးသားဖောက်စီးပွားဖြစ်လုပ်ငန်း၊အလှမွေးငါး စီးပွားဖြစ် မွေးမြူခွင့် လိုင်စင်လျှောက်လွှာ (Form c )  | 
		
| 
			 လုပ်ငန်းစဉ်အဆင့်  | 
			
			 (က) လျှောက်ထားသူသည် ငါးသားဖောက် စီးပွားဖြစ်လုပ်ငန်း၊ အလှမွေး ငါးစီးပွားဖြစ်မွေးမြူခွင့် လိုင်စင်လျှောက်ထားရန် အတွက် တင်ပြရန်လိုအပ်သော အထောက်အထားများကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးရုံး ငါးလုပ်ငန်းဉီးစီးဌာနသို့ တင်ပြ လျှောက်ထားရမည်။ (ခ) ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးရုံး ငါးလုပ်ငန်းဉီးစီးဌာနမှ တင်ပြလာသော အထောက်အထားများကို စစ်ဆေးပြီး ပြည့်စုံ ခဲ့လျှင်စီးပွားဖြစ်ငါးသားဖောက်စီးပွားဖြစ်လုပ်ငန်း၊ အလှပြငါး စီးပွားဖြစ်မွေးမြူခွင့်လိုင်စင်ကို ငါးမွေးမြူခြင်းဆိုင်ရာ ဉပဒေ အပိုဒ်(၁၈) အရ ထုတ်ပေးမည်။  | 
		
| 
			 ဝန်ဆောင်ခ  | 
			
			 စီးပွားဖြစ်နှုန်းထားများ 
 (မွေးမြူသည့်နေရာတစ်နေရာတိုင်းအတွက်) အခြား ဒဏ်ကြေးများလိုင်စင်တစ်ခုလျှင်၂၀၀၀ကျပ်  | 
		
| 
			 ကြာမြင့်ချိန်  | 
			
			 တင်ပြလာသော အထောက်အထားများ ပြည့်စုံခဲ့လျှင် အလုပ်လုပ် ရက် (၂ )ပတ် အတွင်း  | 
		
| 
			 လျှောက်ထားရမည့် နေရာ  | 
			
			 ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဉီးစီးဌာနရုံး  | 
		
| 
			 အတည်ပြုလက်မှတ်ရေး ထိုးသည့်ရာထူး/အဆင့်  | 
			
			 ညွှန်ကြားရေးမှူး၊ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဉီးစီးဌာနရုံး  | 
		
| 
			 သတ်မှတ်ချက်များ  | 
			
			 ငါးသားဖောက်ခြင်းနှင့် အလှမွေးငါးမွေးမြူခြင်းတွင် အသုံးပြုသော ငါးအစာများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း/ တင်ပို့ခြင်းနှင့် မွေးမြူ ထုတ်လုပ်သော အလှမွေးငါးများ ရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြု လက်မှတ် (Health Certificate) တို့ကို ငါးလုပ်ငန်းဦးစီးဌာနတွင် ခွင့်ပြုချက်ရယူရမည်။  | 
		
