အဓိကအကြောင်းအရာသို့ သွားမည်
x

မွေးမြူရေးအတွက်လိုအပ်သော ငါးစာ၊ အစာကုန်ကြမ်းနှင့် ဖြည့်စွက်စာ ၊ဆေးဝါး တင်သွင်းခြင်းအတွက် ထောက်ခံချက်

တင်ပြရန်လိုအပ်မည့်

အထောက်အထားများ

(က)  ကုမ္ပဏီလိုင်စင်မိတ္တူ (သက်တမ်းရှိ)

(ခ)    နိုင်ငံခြားငွေ ရင်းနှီးမြှုပ်နှံမှု သက်သေခံထောက်အထား

(ဂ)    ကိုယ်စားလှယ်လွှဲစာ

(ဃ)  တင်သွင်း မည့် ကုန်ပစ္စည်း၏ ရောင်စုံဓာတ်ပုံမှတ်တမ်း

(င) တင်သွင်းပစ္စည်းများ ရောက်ရှိစဉ်မျက်မြင် အသေးစိတ် စစ်ဆေးမှု ဆောင်ရွက်ခြင်း

(စ)    ငါးစာ၊ အစာကုန်ကြမ်းနှင့်ဖြည့်စွက်စာ၊ ဆေးဝါးများ၏အရည်အသွေး ဆိုင်ရာ(ထုတ်လုပ်မှုရက်စွဲ၊ သက်တမ်းကုန်ဆုံးမှု ရက်စွဲ အပါအဝင်) နှင့် ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာတို့အား ထုတ်လုပ်သည့် တိုင်းပြည်၏ တာဝန်ရှိအဖွဲ့အစည်း၏ ထောက်ခံချက်ဖြင့် တင်ပြ လျောက်ထားရမည်။

(ဆ)  ရောင်းအဝယ်စာချုပ်၊ ကုန်အမှာစာနှင့် Packing List

(ဇ)    မွေးမြူရေး အစာနှင့်အစာပါဝင်ပစ္စည်းများ ထုတ်လုပ်သည့် မှတ်ပုံတင်စက်ရုံနှင့်စပ်လျဉ်းသည့်လိုအပ်သည့် စာရွက်စာတမ်းများ

(ဈ)   အစာပါဝင်ပစ္စည်းများ၏အဟာရဆိုင်ရာပါဝင်မှု

(ည)  ယခင် တင်သွင်းခဲ့သော  ပစ္စည်းများ၏ အရည်အတွက် (မက်ထရစ်တန်) နှင့် တန်ဖိုး (အမေရိကန်ဒေါ်လာ)

လုပ်ငန်းစဉ်အဆင့်

(က)  လျှောက်ထားသူသည်တင်ပြရန်လိုအပ်သော အထောက်အထားများ   ကို ငါးလုပ်ငန်းဉီးစီးဌာနသို့ တင်ပြလျှောက်ထား ရမည်။

(ခ)    လျှောက်ထားသော ပစ္စည်းများသည် ကန့်သတ်ထားသည့် စာရင်းထဲတွင်မပါဝင်ပါကထောက်ခံချက်ကိုထုတ်ပေးမည်။

ဝန်ဆောင်ခ

        မရှိပါ။

ကြာမြင့်ချိန်

     အလုပ်လုပ်ရက် ၁၀ ရက်

လျှောက်ထားရမည့်နေရာ

     ငါးလုပ်ငန်းဦးစီးဌာန

အတည်ပြုလက်မှတ်ရေးထိုးသည့် ရာထူး/အဆင့်

ညွှန်ကြားရေးမှူးချုပ်ကိုယ်စား တာဝန်ခံအရာရှိမှ လက်မှတ် ရေးထိုးခြင်း

သတ်မှတ်ချက်များ

  • ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းတွင် အသုံးမပြုရန် ကန့်သတ်ထားသော  ပစ္စည်းများမှအပ ကျန်ပစ္စည်းများအတွက် ထောက်ခံချက်ကို ထုတ်ပေးမည် ဖြစ်သည်။
  • တင်သွင်းမည့် ပစ္စည်းအားလုံးအတွက် ငါးလုပ်ငန်းဦးစီးဌာန၏ ဓာတ်ခွဲခန်း စမ်းသပ်စစ်ဆေးချက် လိုအပ်မည် ဖြစ်သည်။