လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားခြင်း
(က)ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေဥပဒေပုဒ်မ ၃၀(က)အရ လယ်မြေကိုအခြားနည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည် ဟုပြဋ္ဌာန်းထားရှိပြီးဖြစ်ပါသည်။
(ခ)နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် လယ်ယာမြေဥပဒေပုဒ်မ ၃၀ (ခ) အရလယ်မြေမှ တစ်ပါးလယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်း ထားရှိပြီးဖြစ်ပါသည်။
